Monday, October 22, 2012
မိမိစက်က နေ Data များ ကူးယူခြင်းမှ ကာကွယ်ရန်
မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ်
ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို
့ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။:P
၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ Registry Editor
ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို
သွားပါ။
၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး
keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ
့ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies "
လို့ နာမည်ပေးလိုက်ပါမယ်။
၎။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ
WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။
၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double
Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။
၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ..
တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect
ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart
ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။
ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ
့ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ။
(မှတ်ချက်။ ။ကူးယူထားသောပို့ စ်အားမူရင်းအတိုင်း ပြန်လည်တင်ပြထားပါတယ်
ဘယ်ဆိုဒ်ကလည်းဆိုတော့ သေချာ မှတ်မထားမိလို ရေးသားတင်ပြထားတဲ
့သူအားကျေးဇူးတင်အားနာလျက်
Labels:
နည်းပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါဦး