ဒီကောင်လေးရဲ့အာနိသင်ကတော့ နိုင်ငံတွေဘယ်လောက်ခြားခြား အဝေးထိမ်းစနစ်နဲ့ ကွန်ပျူတာကို ပြုပြင်ပေးလို့ရတယ် သင်ပြပေးလို့ရတယ် စိတ်ဝင်စားစရာ ဆော့ဝဲလ်လေးပါ ဒါလေးကို ဟိုနေ့က ကျနော် စမ်းကြည့်ပြီးပါပြီ အဆင်ပြေတယ်ဗျ သုံးနည်းကလည်း လွယ်တယ် (ဒီမှာဒေါင်းမယ် ) မရရင် ဒီမှာထက်ဒေါင်းပါ install ပါ အဲ့တာကတော့ လူတိုင်းသိမှာပါ ပြီးတာနဲ့ ဖွင့်လိုက်ပြီဆိုရင် ဒီလိုပုံလေးပေါ်လာမှာဖြစ်ပါတယ်
ပုံမှာကြည့်ပါ your ID နဲ့ password ဆိုတာလေး တွေ့မှာပါ ကိုယ့် ကွန်ပျူတာမှာပေါ်နေတာကတော့ ကိုယ့် ID နဲ့ ကိုယ်password ပေါ့ဗျာ ကိုယ်နဲ့တွဲမယ် ကွန်ပျူတာကိုလည်း ဒီဆော့ဝဲလေးကိုဒေါင်းခိုင်းပေါ့ဗျာ ပြီးရင် အပေါ်က ပုံမှာ တွေ့တဲ့အတိုင်း ID နဲ့ password တောင်းပါ
partner ID ဆိုတဲ့အကွက်လွတ်လေးမှာ ID ကိုရိုက်ထည့်ပါ ပြီးရင် password တောင်းလာရင် သူပေးထားတဲ့ password ရိုက်ထည့်လိုက်တာနဲ့ အားလုံးအဆင်ပြောစွာ ချိတ်ဆက်ပြီးသားဖြစ်သွားပါပြီ
သူများစက်ကို ပေါက်ကပ်ရ သွားလုပ်ရင်တော့ အဆဲခံလိုက်ပေါ့ဗျာ
မသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပါသည်


No comments:
Post a Comment
တစ်ခုခုပြောခဲ့ပါဦး