Monday, February 18, 2013

USB FORMAT ချနည်း

တစ်ခါတစ်ရံ USB drive တွေဟာ အကြောင်း အမျိုးမျိုးကြောင့် format ချရတတ်ပါတယ်..format ချတဲ့အခါမှာ
လည်းပုံမှန်အတိုင်း window မှာပါတဲ့ format ချနည်းကို သုံးကြပါတယ်...ဒါပေ့မယ် တစ်ချို့ဟာတွေကြတော့
အဲလိုနည်းနဲ့ချလို့ မရဘူး ဗျ...ဘာလို့လဲ ဆိုတော့ USB Drive hardware ပျက်နေရင်ပဲဖြစ်ဖြစ်..virus ကြောင့်ပဲ
ဖြစ်ဖြစ် format က ချမရတော့ဘူး..ဒီတော့ ဘယ်လိုချလဲဆိုတာပြောပြမယ် တက်လို့တော့ မဟုတ်ပါဘူး
သိသလောက်လေးကို ပြန်ရေးပေးတာပါ.. အဲလိုဖြစ်တဲ့ အခါမှာ dos mode ကနေ file system ပြောင်းပြီး
format ချလိုက်ရင် ပြန်ကောင်းသွားတတ်တယ်ဗျ မယုံမရှိနဲ့ ကိုယ်တွေ့ဗျ
ကျွန်တော် အရင်က အဲနည်းကို သိပေ့မယ် မစမ်းဖူးဘူး မေ့တေ့တေ့တောင်ဖြစ်နေတာ..ဟိုနေ့က
ဆိုင်ဘေးကကောင်လေးကမေးလို့လေ stick က အဲလိုဖြစ်နေလို့တဲ့ စမ်းကြည့်လိုက်အုံးမယ်ဆိုပြီး စမ်းကြည့်လိုက်တော့
ရတယ်ဗျ အသုံးဝင်တယ် ဒါကြောင့် ကျွန်တော် သူငယ်ချင်း အားလုံးကို ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်

(1) သူငယ်ချင်းတို့ရဲ့ my computer ကို ဖွင့်ပါ
(2) အောက်က ပုံလေးမှာ ပြထားတဲ့အတိုင်း အနီရောင်လေးနဲ့ဝိုင်းထားတဲ့နေရာမှာ မိမိတို့ရဲ့ usb drive letter
ကို မှတ်သားပါ။ drive letter က G ဆို G ..F ဆို F ပေါ့...အောက်က ပုံမှာတော့ ကျွန်တော့ drive letter က G
ဆိုတော့ G ပေါ့...(မှတ်ချက် ..drive letter ကိုတော့ သေချာ မှတ်ထားစေလိုပါတယ်..တကယ်လို့ drive letter မှား
ဖျက်မယ်ဆိုရင် အခြား drive မှ ကိုယ့်dataတွေ ပျက်သွားနိုင်ပါတယ် )
(၃) start menu မှ run ကို နှိပ်ပြီး text box မှာ cmd လို့ ရိုက်ပြီး OK နှိပ်
(၄) command promt ပွင့်လာပြီဆိုရင်
 format G:/fs:fat လို့ ရိုက်ပြီး enter နှိပ်လိုက်ပါ (G: နေရာမှာ မိမိမှတ်သားထားတဲ့drive letterကိုထည့်နော်)
 -----' is not recognized as an internal or external command,operable program or batch file. ပေါ်ရင် စာလုံးပေါင်းမှားနေလို့ပါ
သေချာကြည့်ပြီး ပြန်ရိုက်ပါ...
တကယ်လို့ The volume is too big for fat16 ဒါမှမဟုတ် format is not avaible for fat16/ Drive error ပေါ်တယ်ဆိုရင်format G:/fs:fat16 လို့ရိုက်ပြီး enter နှိပ်ပါ..အဲဒါမှ မရဘူးဆိုရင်တော့
format G:/fs:fat32 လို့ ရိုက်ပြီး enter နှိပ်လိုက်ပါ ..
Volume Lable <11 charckers, ENTER for none>?စာကြောင်းပေါ်လာပြီဆိုရင် ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုခုကို ရိုက်ပြီး enter နှိပ်ပါ...
Format complete. ဆိုပြီး ပေါ်လာပြီဆိုရင်တော့ format လုပ်လို့ရသွားပါပြီဗျာ..usb drive ကိုပြန်သုံးနိုင်ပါပြီ...အဲလိုမဟုတ်ပဲ cannot open volume for direct access ဆိုတဲ့ error ပဲပေါ်တယ်ဆိုရင်တော့ hardware ပိုင်းပျက်သွားလို့ ဖြစ်နိုင်ပါတယ်
အဲလိုပေါ်လာရင် ကိုလပ်ကီး ဘာလိုလုပ်ရင်ရနိုင်သေးလဲ လို့မေးခဲ့ရင်တော့ ကွန်တော် ပြန်ဖြေမှာပါ အသစ်တစ်ခုပြန်ဝယ်လိုက်ပါလို့ ...ဟီးဟီးးး
အောက်မှာသိတ်မရှင်းရင် ပုံလေးကို နည်းနည်းကြည့်လိုက်   my drive လို့ ၀ိုင်းပြထားတဲ့နေရာက နာမည်တစ်ခုခု ထည့်တဲ့နေရာပါ format comolete ကတော့format ချလိုရတဲ့ပုံပါ 

No comments:

Post a Comment

တစ်ခုခုပြောခဲ့ပါဦး